လ - မတ် 2023

ဝိညာဉ်အသစ်ပြုပြင်ခြင်း

တရုတ်ဆေးပညာတွင် အရေပြားပေါ်ရှိ ဆဲလ်သေများဖယ်ရှားရန် ပုလဲအင်းဆက်များပါဝင်သည့် ပုလဲကြေးချွတ်မှုန့်များကို နှစ်ပေါင်းများစွာ အသုံးပြုနေကြသည်။ ရိုမေးနီးယားနိုင်ငံတွင် အသားအရေကို ပျိုမြစ်စေကာ ဝင်းဝါစေသည့် ကြေးချွတ်ဆေး အဖြစ် နုပျိုစေသည့်ဆေးရွှံ့များကို တွင်ကျယ်စွာ အသုံးပြုနေသည်။ တစ်ကမ္ဘာလုံးရှိ လူများသည် အမွဲခြောက်ဆုံးအသားရေကိုတောင် ပြန်လည်သစ်လွင်စေနိုင်သည်ဟု ၎င်းတို့ယုံကြည်သည့် အလှကုန်ပစ္စည်းများကို အသုံးပြုကြသည်။

ကျွန်ုပ်တို့၏ရုပ်ခန္ဓာကို ထိန်းသိမ်းရန် ဖန်တီးထားသည့်အရာများက ကျွန်ုပ်တို့အား ခဏတာကျေနပ်ပျော်ရွှင်မှုကိုသာ ပေးနိုင်သည်။ သာ၍ အရေးကြီးသည်မှာ ကျွန်ုပ်တို့ဝိညာဉ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်နေရန်ဖြစ်သည်။ ခရစ်တော်၌ ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့သည် သခင်အားဖြင့် အတွင်းဝိညာဉ်ပြုပြင်ခြင်း ခံရပါသည်။ “ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကို ခံရ၏” (၂ ကော ၄:၁၆)။ ကြောက်ရွံ့မှု၊ နာကျင်မှုနှင့် စိုးရိမ်မှုတို့ကိုသာ စွဲကိုင်ထားလျှင် နေ့စဥ်စိန်ခေါ်မှုများက ကျွန်ုပ်တို့ကို ဆွဲချသွားမည်ဖြစ်သည်။ “ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို…

ရောင့်ရဲကျေနပ်မှုကို လိုက်ဖမ်းခြင်း

စိတ်ရောဂါကုဆရာဝန်တစ်ဉီး၏ အကြံပေးစာကဏ္ဍတွင် ရည်မှန်းချက်ကြီးကြီးနှင့်ကြိုးစားမှုများကြောင့် ရောင့်ရဲကျေနပ်မှု မရနိုင်ဖြစ်နေသည့် Brenda (ဘရန်ဒါ) ခေါ် အမျိုးသမီး၏စာကို ပြန်ကြားပေးခဲ့သည်။ သူ့စကားလုံးများက တဲ့တိုးဆန် သည်။ သူက လူသားများသည် ပျော်ရွှင်ရန် ဖြစ်တည်နေခြင်း မဟုတ်ဘဲ “အသက်ရှင်ရန်နှင့် မျိုးပွားရန်”သာ ဖြစ်တည်နေသည်။ “ကလူကျီစယ်လျက် ဖမ်းရခက် သော ရောင့်ရဲကျေနပ်မှုလိပ်ပြာငယ်”ကို လိုက်လံဖမ်းဆီးရန် ကျွန်ုပ်တို့ ကျိန်စာသင့်နေပြီး “မည်သည့်အခါမှ ယင်းကို ဖမ်းမိမည် မဟုတ်” ဟု ဆိုသည်။

ဘာကိုမှတန်ဖိုးရှိသည်ဟုမထင်သော ထိုဆရာဝန်၏ပြန်စာကို ဘရန်ဒါ ဖတ်ရသောအခါ သူမမည်သို့ခံစားရမည်နည်း။ သူမသာ ဆာလံကျမ်း ၁၃၁ ကို ဖတ်ခဲ့လျှင် တစ်မူထူးပြီး မည်သို့ခံစားခဲ့ရမည်နည်းဟု ကျွန်တော်တွေးမိသည်။ ထိုဆာလံ၌ ကျေနပ်ရောင့်ရဲမှုအား မည်သို့ရှာရမည်ကို ဒါဝိဒ်မင်းကြီးက တွေးတောဆင်ခြင်ပြခဲ့သည်။ ဒါဝိဒ်မင်းကြီးသည် သူ့၏ရာဇဣန္ဒြေကို ဘေးဖယ်ကာ နှိမ့်ချစွာဖြင့် စတင်ဆင်ခြင်သည်။ သူရင်ဆိုင်ရသည့် သူ့ဘဝ၏ကြီးမားသော အခက်အခဲများသည်…

ညီရှောလု

ကျွန်တော် ဆယ်ကျော်သက်အရွယ်က တိုင်းတစ်ပါးသို့ ကျောင်းသားလဲလှယ်ရေးအစီအစဉ်ဖြင့် တစ်နှစ်ခရီးမသွားရမီ “အဘဘုရား၊ ကျေးဇူးပြု၍ ကျွန်တော့်ကို ထိုနေရာသို့မပို့ပါနှင့်” ဟုဆုတောင်းခဲ့သည်။ မည်သည့်နေရာသွားရမည်ကို မသိခဲ့သော်လည်း ကိုယ်မသွားလိုသည့်နေရာကိုဖြင့် ကျွန်တော်သိသည်။ ကျွန်တော်သည် ထိုတိုင်းပြည်၏ ဘာသာစကားကို မပြောတတ်၊ ၎င်း၏ဓလေ့ထုံးတမ်းများနှင့် နိုင်ငံသားများနှင့်ပတ်သက်၍ အမြင်မှားမှုများလည်း ရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ဘုရားသခင်အား ကျွန်တော့်ကိုအခြားနေရာများသို့ပို့ရန် ဆုတောင်းခဲ့သည်။

သို့သော်လည်း အမြော်အမြင်အနန္တရှိသောဘုရားသခင်သည် ကျွန်တော်မသွား လိုသည့်နေရာကိုမှ ကျွန်တော့်ကို ပို့လိုက်သည်။ ထိုသို့ပို့လိုက်ခြင်းအတွက် ကျွန်တော်ဝမ်းမြောက်သည်။ အနှစ် (၄၀) ကြာပြီးဖြစ်သော်လည်း ကျွန်တော်၌ ထိုတိုင်းပြည်မှ မိတ်ဆွေများ ရှိနေဆဲပင်။ ကျွန်တော်လက်ထပ်သည့်အခါ ကျွန်တော့်သတို့သားအရံ Stefan (စတီဖန်)သည် ထိုတိုင်းပြည်မှဖြစ်သည်။ သူ့မင်္ဂလာပွဲတွင်လည်း ကျွန်တော်သွား၍ မေတ္တာပြခဲ့သည်။ မကြာမီ ထပ်သွားလည်ပတ်ရန်လည်း စီစဉ်နေပါသည်။

ဘုရားသခင်က ကျွန်တော်တို့၏စိတ်နှလုံးကိုပြောင်းလဲသောအခါ နှစ်သက်ဖွယ် ကိစ္စရပ်များဖြစ်လာပါသည်။ ထိုသို့ပြောင်းလဲမှုတစ်ခုသည် “ညီရှောလု” (တ…

အပြစ်ဒုစရိုက်များကို သုတ်သင်ဖယ်ရှားခြင်း

ကျွန်မတို့အိမ်ဆင်ဝင်နားမှ ရေဖျန်းသည့်ရေပန်းခေါင်းနားတွင် အဖူးထွက်စပေါင်းပင်လေးတစ်ခုကို သတိထားမိစဉ်က ၎င်းကို အန္တရာယ်မရှိသည့် မျက်စိစပါးမွှေးစူးစရာအဖြစ်သာ ကျွန်မသဘောထားခဲ့သည်။ ပေါင်းပင်ငယ်က ကျွန်မတို့၏မြက်ခင်းကို မည်သို့ထိခိုက်စေနိုင်မည်နည်း။ သို့သော်လည်း ရက်သတ္တပတ်များ ကုန်လွန်သွားသောအခါ စိတ်အနှောင့်အယှက်ဖြစ်စရာလေးသည် ချုံပုတ်ငယ် အရွယ်ဖြစ်လာပြီး ကျွန်မတို့၏မြက်ခင်းကို တဖြည်းဖြည်း လွှမ်းမိုးလာသည်။ ၎င်းသည် လျှောက်လမ်းပေါ်သို့ အနည်းငယ်တက်လာပြီး အခြားနေရာများ၌ပါ ပေါက်လာသည်။ ၎င်း၏ဖျက်ဆီးတတ်သောသဘာဝကို ကျွန်မလက်ခံလိုက်ပြီးနောက် ပေါင်းပင်များကို တူးထုတ်ရန်နှင့် ပေါင်းသတ်ဆေးဖြင့် မြက်ခင်းကိုကာကွယ်ရန် ကျွန်မခင်ပွန်းအား အကူအညီတောင်းလိုက်ရသည်။

ကျွန်မတို့သည် အပြစ်ဒုစရိုက်ကို မသိကျိုးကျွံပြုလျှင် သို့မဟုတ် မျက်စိမှိတ်ငြင်းလျှင် ၎င်းသည် ကျွန်မတို့၏ဘဝများထဲသို့ ကျူးကျော်ဝင်ရောက်လာနိုင်ပြီး စိတ်နှလုံးကို ညစ်ညူးစေနိုင်ပါသည်။ ကျွန်မတို့၏ အပြစ်နှင့်ကင်းစင်သောဘုရား၌မူ ညစ်ညူးမှု လုံးဝမရှိပေ။ “ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့”၊ ကျွန်မတို့လည်း “အလင်း၌ကျင်လည်”ရေး (၁ ယော ၁:၇) ဘုရား၏သားသမီးများအနေနှင့် အပြစ်ဒုစရိုက်များကို ထိပ်တိုက်ရင်ဆိုင်ရန် ကျွန်မတို့ကို ပြင်ဆင်စေစားထားပြီးသားဖြစ်သည်။ ကျွန်မတို့ဘက်မှရှေ့နေ…

ကျွန်ုပ်တို့တစ်ယောက်တည်း မဟုတ်ပေ

“ကမ္ဘာပေါ်ရှိ နောက်ဆုံးကျန်ရှိသောလူသည် အခန်းထဲတွင် တစ်ဦးတည်း ထိုင်နေသည်။ ထိုစဉ် တံခါးခေါက်သံ တစ်ချက်ပေါ်ထွက်လာသည်” ဟု ဖရက်ဒရစ် ဘရောင်း (Fredric Brown)၏ သည်းထိတ်ရင်ဖိုဝတ္တုတို ‘Knock’ (တံခါးခေါက်သံ) တွင် ရေးသားခဲ့သည်။ အလိုလေး။ မည်သူဖြစ်နိုင်သနည်း။ မည်သည်ကိုလိုချင်သနည်း။ မည်သည့် လျှို့ဝှက်ဆန်းကြယ်သောအရာသည် ထိုသူ့ထံသို့လာပါသနည်း။ ထိုသူသည် အထီးကျန်မနေပါ။

ကျွန်ုပ်တို့သည်လည်း အထီးကျန်မနေပါ။

လောဒိကိမြို့၌ရှိသော အသင်းတော်ကိုလည်း တံခါးခေါက်သူရှိခဲ့သည် (ဗျာ ၃:၂၀)။ ထိုအသင်းတော်သို့ မည်သည့်သဘာဝလွန်ပုဂ္ဂိုလ် လာပါသနည်း။ ထိုသူသည် “အဉီးဆုံးသောသူ၊ နောက်ဆုံးသောသူ” ဖြစ်သည့် (၁:၁၇-၁၈) သခင်ယေရှု ဖြစ်ပါသည်။ သခင်ယေရှု၏မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၍ မျက်နှာတော်သည်လည်း “အရှိန်တန်ခိုးနှင့် ထွန်းတောက်သောနေကဲ့သို့” (:၁၆) ဖြစ်သည်။ သခင်ယေရှု၏မိတ်ဆွေရင်း ရှင်ယောဟန်သည် သခင်ယေရှု၏အရှိန်တန်ခိုးကို တွေ့လိုက်ရသည့်အခိုက် သူသည် “သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏” (:၁၇)။ ခရစ်တော်၌ယုံကြည်ခြင်းသည်…